Unicode
အခုလို ကျွန်တော်တို့ နေ့စဥ်ဘဝမှာ တွင်ကျယ်စွာ အသုံးပြုနေကြတဲ့ Web Browser တွေကို ဘယ်သူကများ စတင်ဖန်တီးခဲ့တာလဲ။ အဆိုပါ ပုဂ္ဂိုလ်ကတော့ တခြားသူမဟုတ်ပါဘူး၊ နည်းပညာနယ်ပယ်မှာ ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်တဲ့ Tim Berners-Lee ဖြစ်ပါတယ်။
သူ့အနေနဲ့ World Wide Web ကို ဘယ်လိုမျိုး ဖန်တီးဖြစ်ခဲ့တာလဲ? သူရဲ့ ဘဝဇာတ်လမ်းလေးကရော ဘယ်လိုရှိမလဲ? ဆိုတာ ဆက်ဖတ်ကြည့်ရအောင်။
Sir Timothy John Berners-Lee ကို ၁၉၅၅ ခုနှစ်၊ ဇွန်လ ၈ ရက်၊ လန်ဒန်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အများစုကတော့ TimBL လို့ သိကြပါတယ်။ TimBL ရဲ့ မိဘတွေကတော့ သင်္ချာပညာရှင်နှင့် ကွန်ပျူတာ သိပ္ပံပညာရှင် Mary Lee Woods (1924-2017) နှင့် Conway Berners-Lee (1921-2019) တို့ဖြစ်ပါတယ်။ သူရဲ့ မိဘနှစ်ပါးစလုံးဟာ Birmingham ကဖြစ်ပြီး ပထမဆုံး Commercially တည်ဆောက်ထားတဲ့ ကွန်ပျူတာဖြစ်တဲ့ Ferranti Mark 1 မှာ အလုပ်လုပ်ခဲ့ကြသူတွေဖြစ်ပါတယ်။
TimBL ဟာ Sheen Mount မူလတန်းကျောင်းကို တက်ရောက်ခဲ့ပြီးနောက် 1969 မှ 1973 အထိ Emanuel School ကို တက်ရောက်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက စိတ်အားထက်သန်တဲ့ Trainspotter တစ်ဦးဖြစ်ခဲ့ပြီး မီးရထားပုံစံငယ်ကနေ အီလက်ထရွန်းနစ်ပစ္စည်းတွေအကြောင်းကို လေ့လာခဲ့ပါတယ်။ ဆက်ပြီးတော့ Oxford Queen’s College မှာ 1973 ခုနှစ်မှ 1976 ခုနှစ်အထိ ပညာသင်ယူခဲ့ပြီး ရူပဗေဒပထမတန်း BA ကို ရရှိခဲ့ပါတယ်။
အဆိုပါကျောင်းမှာ ပညာလေ့လာနေစဥ် TimBL က ပြန်လည်ပြုပြင်ရေးအဟောင်းဆိုင်မှ ဝယ်ယူခဲ့တဲ့ ရုပ်မြင်သံကြားစက်ဟောင်းကနေ ကွန်ပျူတာတစ်လုံးအဖြစ် ဖန်တီးခဲ့ပါသေးတယ်။ အခုလို စူးစမ်းရှာဖွေမှုများကပဲ ကျွန်တော်တို့ 21 ရာစုရဲ့ အကောင်းဆုံး ဖန်တီးမှုတစ်ခုအတွက် အုတ်မြစ်ဖြစ်နေခဲ့ပါတယ်။
Oxford Queen’s College မှာ ရူပဗေဒဘာသာရပ်ကို စိတ်ဝင်စားတဲ့ TimBL ရဲ့ ခရီးလမ်းဟာ သိသာထင်ရှားတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲ့တာကတော့ စတင်ကျယ်ပြန့်လာတဲ့ ကွန်ပြူတာ ပညာရပ်နယ်ပယ်မှာ မိမိကိုယ်မိမိ နှစ်မြှုပ်ခဲ့ပြီး TimBL ရဲ့ မခံချင်စိတ်ပြင်းပြမှုနှင့် ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်ကနေ အပြန်အလှန်ချိတ်ဆက်နေတဲ့ သတင်းအချက်အလက်နှင့် နည်းပညာကမ္ဘာကို ပုံဖော်ခြင်းရဲ့ နောက်ကွယ်မှာ အရေးပါတဲ့သူတစ်ဦးဖြစ်လာခဲ့ပါတယ်။
TimBL အနေနဲ့ ဘွဲ့ရရှိပြီးနောက် CERN၊ European Particle Physics Laboratory မှာ အလုပ်လုပ်နေစဥ် အင်တာနက်မှ စာရွက်စာတမ်းများနှင့် ဒေတာများကို ချိတ်ဆက်ရယူနိုင်ဖို့ နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ပါတယ်။ အဲ့ဒီကနေ ကျွန်တော်တို့ဘဝရဲ့ ဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် နေ့စဉ်ဘဝရဲ့ ကဏ္ဍအားလုံးနီးပါးကို ပြန်လည်ပုံဖော်ပေးနိုင်ခဲ့တဲ့ World Wide Web စတင်မွေးဖွားလာတဲ့ ဇာတ်လမ်းအစဖြစ်လာပါတယ်။
TimBL အနေနဲ့ အခုလိုဖန်တီးရာမှာ စိန်ခေါ်မှု၊ အခက်အခဲများစွာဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း ဘာအကြောင့်နှင့်မှ ဇွဲမလျှော့တတ်တဲ့ သူရဲ့စိတ်ဓာတ်ကြောင့် 1990 ခုနှစ်၊ ဒီဇင်ဘာ 20 ရက်နေ့မှာ ကျွန်တော်တို့ရဲ့ ကမ္ဘာကို ဒစ်ဂျစ်တယ်ပြောင်းလဲမှုအဖြစ် ပုံဖော်ပေးခဲ့တဲ့ ပထမဆုံး Website ကို စတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။
TimBL ဟာဆိုရင် World Wide Web ကို ဖန်တီးနိုင်ခဲ့ရုံသာမက Markup Language ဖြစ်တဲ့ HTML ၊ URL စနစ် နှင့် HTTP တို့ကိုလည်း အောင်မြင်စွာဖန်တီးနိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့
University of Oxford ရဲ့ ပရော်ဖက်ရှင်နယ် သုတေသနပညာရှင်တစ်ဦးဖြစ်ပြီး Massachusetts Institute of Technology (MIT) မှ ပါမောက္ခတစ်ဦးအဖြစ်လည်း လုပ်ကိုင်လျက်ရှိပါတယ်။
ဒါ့အပြင် 2004 ခုနှစ်မှာ Berners-Lee ဟာ သူရဲ့ ရှေ့ဆောင်လုပ်ငန်းများအတွက် ဘုရင်မကြီး Elizabeth II ရဲ့ ချီးမြှင့်ခဲ့ခြင်းကိုလည်း ခံခဲ့ရပါတယ်။ ပြီးတော့ “World Wide Web” ကို တီထွင်ခြင်းအတွက် 2016 Turing Award ကို ရရှိခဲ့ပါတယ်။ ဒါတင်မကသေးပဲ Time မဂ္ဂဇင်းရဲ့ 20 ရာစုအတွင်း အရေးအပါဆုံး လူ 100 စာရင်းမှာလည်း ပါဝင်ခဲ့ပြီး သူရဲ့ ဖန်တီးမှုများအတွက် တခြားသော ချီးကျူးမှုများစွာကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။
အခုဆိုရင် ပထမဆုံး Web Browser ကို ဖန်တီးခဲ့တဲ့ Tim Berners-Lee ရဲ့အကြောင်းကို ပြည့်ပြည့်စုံစုံ သိရှိသွားကြပြီဖြစ်လို့ သူရဲ့ ဇာတ်လမ်းလေးကနေ ကျွန်တော်တို့ လူငယ်တွေရဲ့ ရင်ထဲမှာ များစွာ လေးစားအားကျလိမ့်မယ်လို့ ခံစားမိပါတယ်။
Zawgyi
ပထမဆုံး Web Browser ကို ဘယ္ Programmer က စတင္ဖန္တီးခဲ့တာလဲ သိၾကလား?
အခုလို ကြၽန္ေတာ္တို႔ ေန႔စဥ္ဘဝမွာ တြင္က်ယ္စြာ အသုံးျပဳေနၾကတဲ့ Web Browser ေတြကို ဘယ္သူကမ်ား စတင္ဖန္တီးခဲ့တာလဲ။ အဆိုပါ ပုဂၢိဳလ္ကေတာ့ တျခားသူမဟုတ္ပါဘူး၊ နည္းပညာနယ္ပယ္မွာ ထင္ရွားေက်ာ္ၾကားသူတစ္ဦးျဖစ္တဲ့ Tim Berners-Lee ျဖစ္ပါတယ္။
သူ႔အေနနဲ႔ World Wide Web ကို ဘယ္လိုမ်ိဳး ဖန္တီးျဖစ္ခဲ့တာလဲ? သူရဲ႕ ဘဝဇာတ္လမ္းေလးကေရာ ဘယ္လိုရွိမလဲ? ဆိုတာ ဆက္ဖတ္ၾကည့္ရေအာင္။
Sir Timothy John Berners-Lee ကို ၁၉၅၅ ခုႏွစ္၊ ဇြန္လ ၈ ရက္၊ လန္ဒန္မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး အမ်ားစုကေတာ့ TimBL လို႔ သိၾကပါတယ္။ TimBL ရဲ႕ မိဘေတြကေတာ့ သခ်ၤာပညာရွင္ႏွင့္ ကြန္ပ်ဴတာ သိပၸံပညာရွင္ Mary Lee Woods (1924-2017) ႏွင့္ Conway Berners-Lee (1921-2019) တို႔ျဖစ္ပါတယ္။ သူရဲ႕ မိဘႏွစ္ပါးစလုံးဟာ Birmingham ကျဖစ္ၿပီး ပထမဆုံး Commercially တည္ေဆာက္ထားတဲ့ ကြန္ပ်ဴတာျဖစ္တဲ့ Ferranti Mark 1 မွာ အလုပ္လုပ္ခဲ့ၾကသူေတြျဖစ္ပါတယ္။
TimBL ဟာ Sheen Mount မူလတန္းေက်ာင္းကို တက္ေရာက္ခဲ့ၿပီးေနာက္ 1969 မွ 1973 အထိ Emanuel School ကို တက္ေရာက္ခဲ့ပါတယ္။ ငယ္စဥ္ကတည္းက စိတ္အားထက္သန္တဲ့ Trainspotter တစ္ဦးျဖစ္ခဲ့ၿပီး မီးရထားပုံစံငယ္ကေန အီလက္ထ႐ြန္းနစ္ပစၥည္းေတြအေၾကာင္းကို ေလ့လာခဲ့ပါတယ္။ ဆက္ၿပီးေတာ့ Oxford Queen’s College မွာ 1973 ခုႏွစ္မွ 1976 ခုႏွစ္အထိ ပညာသင္ယူခဲ့ၿပီး ႐ူပေဗဒပထမတန္း BA ကို ရရွိခဲ့ပါတယ္။
အဆိုပါေက်ာင္းမွာ ပညာေလ့လာေနစဥ္ TimBL က ျပန္လည္ျပဳျပင္ေရးအေဟာင္းဆိုင္မွ ဝယ္ယူခဲ့တဲ့ ႐ုပ္ျမင္သံၾကားစက္ေဟာင္းကေန ကြန္ပ်ဴတာတစ္လုံးအျဖစ္ ဖန္တီးခဲ့ပါေသးတယ္။ အခုလို စူးစမ္းရွာေဖြမႈမ်ားကပဲ ကြၽန္ေတာ္တို႔ 21 ရာစုရဲ႕ အေကာင္းဆုံး ဖန္တီးမႈတစ္ခုအတြက္ အုတ္ျမစ္ျဖစ္ေနခဲ့ပါတယ္။
Oxford Queen’s College မွာ ႐ူပေဗဒဘာသာရပ္ကို စိတ္ဝင္စားတဲ့ TimBL ရဲ႕ ခရီးလမ္းဟာ သိသာထင္ရွားတဲ့ အလွည့္အေျပာင္းတစ္ခု ျဖစ္လာခဲ့ပါတယ္။ အဲ့တာကေတာ့ စတင္က်ယ္ျပန႔္လာတဲ့ ကြန္ျပဴတာ ပညာရပ္နယ္ပယ္မွာ မိမိကိုယ္မိမိ ႏွစ္ျမႇဳပ္ခဲ့ၿပီး TimBL ရဲ႕ မခံခ်င္စိတ္ျပင္းျပမႈႏွင့္ ျပႆနာေျဖရွင္းႏိုင္မႈစြမ္းရည္ကေန အျပန္အလွန္ခ်ိတ္ဆက္ေနတဲ့ သတင္းအခ်က္အလက္ႏွင့္ နည္းပညာကမာၻကို ပုံေဖာ္ျခင္းရဲ႕ ေနာက္ကြယ္မွာ အေရးပါတဲ့သူတစ္ဦးျဖစ္လာခဲ့ပါတယ္။
TimBL အေနနဲ႔ ဘြဲ႕ရရွိၿပီးေနာက္ CERN၊ European Particle Physics Laboratory မွာ အလုပ္လုပ္ေနစဥ္ အင္တာနက္မွ စာ႐ြက္စာတမ္းမ်ားႏွင့္ ေဒတာမ်ားကို ခ်ိတ္ဆက္ရယူႏိုင္ဖို႔ နည္းလမ္းတစ္ခုကို ရွာေဖြခဲ့ပါတယ္။ အဲ့ဒီကေန ကြၽန္ေတာ္တို႔ဘဝရဲ႕ ဆက္သြယ္ေရး၊ ကူးသန္းေရာင္းဝယ္ေရးႏွင့္ ေန႔စဥ္ဘဝရဲ႕ က႑အားလုံးနီးပါးကို ျပန္လည္ပုံေဖာ္ေပးႏိုင္ခဲ့တဲ့ World Wide Web စတင္ေမြးဖြားလာတဲ့ ဇာတ္လမ္းအစျဖစ္လာပါတယ္။
TimBL အေနနဲ႔ အခုလိုဖန္တီးရာမွာ စိန္ေခၚမႈ၊ အခက္အခဲမ်ားစြာျဖင့္ ရင္ဆိုင္ခဲ့ရေသာ္လည္း ဘာအေၾကာင့္ႏွင့္မွ ဇြဲမေလွ်ာ့တတ္တဲ့ သူရဲ႕စိတ္ဓာတ္ေၾကာင့္ 1990 ခုႏွစ္၊ ဒီဇင္ဘာ 20 ရက္ေန႔မွာ ကြၽန္ေတာ္တို႔ရဲ႕ ကမာၻကို ဒစ္ဂ်စ္တယ္ေျပာင္းလဲမႈအျဖစ္ ပုံေဖာ္ေပးခဲ့တဲ့ ပထမဆုံး Website ကို စတင္မိတ္ဆက္ႏိုင္ခဲ့ပါတယ္။
TimBL ဟာဆိုရင္ World Wide Web ကို ဖန္တီးႏိုင္ခဲ့႐ုံသာမက Markup Language ျဖစ္တဲ့ HTML ၊ URL စနစ္ ႏွင့္ HTTP တို႔ကိုလည္း ေအာင္ျမင္စြာဖန္တီးႏိုင္ခဲ့ပါတယ္။ အခုလက္ရွိမွာေတာ့
University of Oxford ရဲ႕ ပေရာ္ဖက္ရွင္နယ္ သုေတသနပညာရွင္တစ္ဦးျဖစ္ၿပီး Massachusetts Institute of Technology (MIT) မွ ပါေမာကၡတစ္ဦးအျဖစ္လည္း လုပ္ကိုင္လ်က္ရွိပါတယ္။
ဒါ့အျပင္ 2004 ခုႏွစ္မွာ Berners-Lee ဟာ သူရဲ႕ ေရွ႕ေဆာင္လုပ္ငန္းမ်ားအတြက္ ဘုရင္မႀကီး Elizabeth II ရဲ႕ ခ်ီးျမႇင့္ခဲ့ျခင္းကိုလည္း ခံခဲ့ရပါတယ္။ ၿပီးေတာ့ “World Wide Web” ကို တီထြင္ျခင္းအတြက္ 2016 Turing Award ကို ရရွိခဲ့ပါတယ္။ ဒါတင္မကေသးပဲ Time မဂၢဇင္းရဲ႕ 20 ရာစုအတြင္း အေရးအပါဆုံး လူ 100 စာရင္းမွာလည္း ပါဝင္ခဲ့ၿပီး သူရဲ႕ ဖန္တီးမႈမ်ားအတြက္ တျခားေသာ ခ်ီးက်ဴးမႈမ်ားစြာကိုလည္း ရရွိခဲ့သူျဖစ္ပါတယ္။
အခုဆိုရင္ ပထမဆုံး Web Browser ကို ဖန္တီးခဲ့တဲ့ Tim Berners-Lee ရဲ႕အေၾကာင္းကို ျပည့္ျပည့္စုံစုံ သိရွိသြားၾကၿပီျဖစ္လို႔ သူရဲ႕ ဇာတ္လမ္းေလးကေန ကြၽန္ေတာ္တို႔ လူငယ္ေတြရဲ႕ ရင္ထဲမွာ မ်ားစြာ ေလးစားအားက်လိမ့္မယ္လို႔ ခံစားမိပါတယ္။