အခု ၂၀၂၃ နှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလဝက်ထိ ကာလအတွင်း မှတ်ပုံတင်စာရင်း ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီ စုစုပေါင်း ၆၀၀၀ ကျော် ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။
နှစ်စဉ်အစီရင်ခံစာတင်ပြဖို့ ပျက်ကွက်တာကြောင့် ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီတွေထဲမှာ ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ အေဂျင်စီကုမ္ပဏီတွေ၊ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေ၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဌာနအနေနဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ တင်ပြဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီတွေကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်နေတာဖြစ်ပြီး အခု ဒီဇင်ဘာ လဝက်အထိ ကုမ္ပဏီ စုစုပေါင်း ၆၂၅၀ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က “အဓိကကတော့ လက်ရှိ ပြည်တွင်းက အခြေအနေတွေအရ အားလုံးက လုပ်ရကိုင်ရခက်နေတဲ့ အနေအထားပေါ့။ ကိုဗစ်ဖြစ်တယ်၊ အဲ့ဒီ့ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲဖြစ်တယ်၊ လမ်းပန်းဆက်သွယ်ရေးတွေ မကောင်းဘူး၊ ကုန်စည် စီးဆင်းမှု ပြတ်တောက်နေတယ်၊ နောက်တခုက ဘဏ်မှာ ငွေထုတ်ရတဲ့အခက်အခဲပေါ့။ အခုလက်ရှိ ဖြစ်နေတာကတော့ စက်သုံးဆီပြဿနာ စသဖြင့်ပေါ့။ အခက်အခဲတွေအများကြီး စုပြုံပြီး ဖြစ်နေတဲ့အခါကျတော့ လုပ်ငန်းတွေ လည်ပတ်ဖို့ ခက်လာကြတယ်။ စာရင်းရှင်းတမ်းတွေကို အချိန်မီမလုပ်နိုင်တဲ့ အခြေအနေတွေလည်းရှိတယ်။ ငွေကြေးပိုင်းမှာလည်း ဘဏ်တွေကနေ ငွေထုတ်ရတဲ့အခက်အခဲကလည်း ရှိတော့ ဒီပေါ် မှာမူတည်ပြီး ဆက်ပြီး ရင်းနှီးပြီး လုပ်ငန်းလည်ပတ်ဖို့က အခက်အခဲတွေအများကြီး ရှိနေကြတယ်။ တချို့ ရပ်နားထားရတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ အထူးသဖြင့် မြင်သာအောင် ပြောရရင် ခရီးသွားလုပ်ငန်းတွေပေါ့။ အများစု ရပ်ထားကြရတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ကုမ္ပဏီအားလုံးဟာ အီလက်ထရောနစ်စနစ်နဲ့ Myanmar Companies Online (MyCo) မှာ နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) ကို တည်ထောင်တဲ့ နေ့ကနေ နှစ်လအတွင်းနဲ့ နှစ်စဉ် အနည်းဆုံး တကြိမ် (နှစ်ပတ်လည် ကုန်ဆုံးပြီးနောက် တလထက်နောက်မကျဘဲ) တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Struck Off (မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း) ဖြစ်သွားတဲ့ ကုမ္ပဏီဟာ မှတ်ပုံတင်စာရင်းမှာ ပြန်လည် ပါဝင်လိုတဲ့အခါ တရားရုံးကို ဦးတိုက် လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။
အစီရင်ခံစာ နောက်ဆုံးတင်ပြရမယ့်ရက်ကို ကုမ္ပဏီပရိုဖိုင်းမှာ ဖော်ပြထားပြီး အဲ့ဒီ့ရက်မတိုင်ခင် မှတ်ပုံကြေး ကျပ် ငါးသောင်း ပေးသွင်း တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
AR တင်ပြရမယ့်ရက် ကျော်လွန်ပြီး ၂၈ ရက်အတွင်းဖြစ်ရင် နောက်ကျကြေး (Late Fee) ကျပ် တသိန်း ပေးသွင်းရမှာဖြစ်ပြီး တင်ပြရမယ့်ရက်ထက် ၂၈ ရက်ကျော်လွန်သွားရင်တော့ ဆိုင်းငံ့ (Suspended) ဖြစ်သွားတာကြောင့် ဆိုင်းငံ့စာရင်းကနေ ပယ်ဖျက်ပေးဖို့ ပုံစံ 1-9D နဲ့ တင်ပြရတဲ့အတွက် မှတ်ပုံတင်ကြေး ကျပ်တသိန်း ထပ်မံ ပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Suspended ဖြစ်ပြီး ခြောက်လအထိ AR တင်ပြခြင်းမရှိရင် ကုမ္ပဏီကို မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်သွားမှာဖြစ်ပြီး ပယ်ဖျက်ပြီး ကုမ္ပဏီအမည်ကို ပြန်လည်အသက်သွင်းလိုရင်တော့ ကုမ္ပဏီအနေနဲ့ တရားရုံးကင်းလွတ်ခွင့်အမိန့်နဲ့ MyCO မှာ ပုံစံ 1-5 နဲ့ ပြန်လည် တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
ကုမ္ပဏီများပယ်ဖျက်စာရင်း (Struck-Off) မှာ ဖော်ပြခြင်းခံရတဲ့ ကုမ္ပဏီဖြစ်ပါက တရားရုံးကင်းလွတ်ခွင့်ရရှိဖို့ လျှောက်ထားရတဲ့ ကုန်ကျစရိတ်အပြင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက် လိုက်နာဖို့ ပျက်ကွက်ထားကြောင်း ကုမ္ပဏီရဲ့ပုံရိပ် ကျန်ရှိနေမှာဖြစ်တဲ့အတွက် နှစ်စဉ်အစီရင်ခံစာတင်ပြခြင်းကို အထူးဂရုပြု ဆောင်ရွက်ကြဖို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အသိပေး ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ပြည်တွင်းက မြန်မာနိုင်ငံသားပိုင် လုပ်ငန်းတွေအပြင် နိုင်ငံခြားသားရင်းနှီးမြှပ်နှံမှုနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေပါ စီးပွားရေးလုပ်ကိုင်ရခက်တဲ့ အနေအထားကြောင့် လုပ်ငန်း ရပ်ဆိုင်းရတာတွေ ရှိနေပါတယ်။
Zawgyi
ကုမၸဏီေပါင္း ၆၀၀၀ ေက်ာ္ မွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္ခံရ
ဒီဇင္ဘာ ၂၃ – ၂၀၂၃
SN (VOM)
အခု ၂၀၂၃ ႏွစ္၊ ဇန္နဝါရီလကေန ဒီဇင္ဘာလဝက္ထိ ကာလအတြင္း မွတ္ပုံတင္စာရင္း ပယ္ဖ်က္ခံရတဲ့ ကုမၸဏီ စုစုေပါင္း ၆၀၀၀ ေက်ာ္ ရွိတယ္လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာနမွ သိရပါတယ္။
ႏွစ္စဥ္အစီရင္ခံစာတင္ျပဖို႔ ပ်က္ကြက္တာေၾကာင့္ ပယ္ဖ်က္ခံရတဲ့ ကုမၸဏီေတြထဲမွာ ခရီးသြားလုပ္ငန္းလုပ္ကိုင္တဲ့ ေအဂ်င္စီကုမၸဏီေတြ၊ စားေသာက္ဆိုင္ လုပ္ငန္းလုပ္ကိုင္တဲ့ ကုမၸဏီေတြ ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္း လုပ္ကိုင္တဲ့ ကုမၸဏီေတြ၊ ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္တဲ့ ကုမၸဏီေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။
ဌာနအေနနဲ႔ ျမန္မာႏိုင္ငံ ကုမၸဏီမ်ားဥပေဒပုဒ္မ ၉၇ အရ ႏွစ္စဥ္အစီရင္ခံစာ တင္ျပဖို႔ ပ်က္ကြက္တဲ့ ကုမၸဏီေတြကို ျမန္မာႏိုင္ငံ ကုမၸဏီမ်ား ဥပေဒပုဒ္မ ၄၃၀ (စ) အရ မွတ္ပုံတင္စာရင္းကေန ပယ္ဖ်က္ေနတာျဖစ္ၿပီး အခု ဒီဇင္ဘာ လဝက္အထိ ကုမၸဏီ စုစုေပါင္း ၆၂၅၀ ရွိလာၿပီျဖစ္တယ္လို႔ သိရပါတယ္။
ဒါနဲ႔ ပတ္သက္လို႔ စီးပြားေရး လုပ္ငန္းရွင္တေယာက္က “အဓိကကေတာ့ လက္ရွိ ျပည္တြင္းက အေျခအေနေတြအရ အားလုံးက လုပ္ရကိုင္ရခက္ေနတဲ့ အေနအထားေပါ့။ ကိုဗစ္ျဖစ္တယ္၊ အဲ့ဒီ့ ေနာက္ပိုင္း ႏိုင္ငံေရး အေျပာင္းအလဲျဖစ္တယ္၊ လမ္းပန္းဆက္သြယ္ေရးေတြ မေကာင္းဘူး၊ ကုန္စည္ စီးဆင္းမႈ ျပတ္ေတာက္ေနတယ္၊ ေနာက္တခုက ဘဏ္မွာ ေငြထုတ္ရတဲ့အခက္အခဲေပါ့။ အခုလက္ရွိ ျဖစ္ေနတာကေတာ့ စက္သုံးဆီျပႆနာ စသျဖင့္ေပါ့။ အခက္အခဲေတြအမ်ားႀကီး စုၿပဳံၿပီး ျဖစ္ေနတဲ့အခါက်ေတာ့ လုပ္ငန္းေတြ လည္ပတ္ဖို႔ ခက္လာၾကတယ္။ စာရင္းရွင္းတမ္းေတြကို အခ်ိန္မီမလုပ္ႏိုင္တဲ့ အေျခအေနေတြလည္းရွိတယ္။ ေငြေၾကးပိုင္းမွာလည္း ဘဏ္ေတြကေန ေငြထုတ္ရတဲ့အခက္အခဲကလည္း ရွိေတာ့ ဒီေပၚ မွာမူတည္ၿပီး ဆက္ၿပီး ရင္းႏွီးၿပီး လုပ္ငန္းလည္ပတ္ဖို႔က အခက္အခဲေတြအမ်ားႀကီး ရွိေနၾကတယ္။ တခ်ိဳ႕ ရပ္နားထားရတဲ့ ကုမၸဏီေတြလည္း ရွိတယ္။ အထူးသျဖင့္ ျမင္သာေအာင္ ေျပာရရင္ ခရီးသြားလုပ္ငန္းေတြေပါ့။ အမ်ားစု ရပ္ထားၾကရတယ္” လို႔ ေျပာပါတယ္။
ျမန္မာႏိုင္ငံကုမၸဏီမ်ား ဥပေဒအရ ကုမၸဏီအားလုံးဟာ အီလက္ထေရာနစ္စနစ္နဲ႔ Myanmar Companies Online (MyCo) မွာ ႏွစ္စဥ္အစီရင္ခံစာ (Annual Return-AR) ကို တည္ေထာင္တဲ့ ေန႔ကေန ႏွစ္လအတြင္းနဲ႔ ႏွစ္စဥ္ အနည္းဆုံး တႀကိမ္ (ႏွစ္ပတ္လည္ ကုန္ဆုံးၿပီးေနာက္ တလထက္ေနာက္မက်ဘဲ) တင္ျပရမွာ ျဖစ္တယ္လို႔ သိရပါတယ္။
Struck Off (မွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္ျခင္း) ျဖစ္သြားတဲ့ ကုမၸဏီဟာ မွတ္ပုံတင္စာရင္းမွာ ျပန္လည္ ပါဝင္လိုတဲ့အခါ တရား႐ုံးကို ဦးတိုက္ ေလွ်ာက္ထားရမွာျဖစ္တယ္လို႔ သိရပါတယ္။
အစီရင္ခံစာ ေနာက္ဆုံးတင္ျပရမယ့္ရက္ကို ကုမၸဏီပ႐ိုဖိုင္းမွာ ေဖာ္ျပထားၿပီး အဲ့ဒီ့ရက္မတိုင္ခင္ မွတ္ပုံေၾကး က်ပ္ ငါးေသာင္း ေပးသြင္း တင္ျပရမွာျဖစ္တယ္လို႔ သိရပါတယ္။
AR တင္ျပရမယ့္ရက္ ေက်ာ္လြန္ၿပီး ၂၈ ရက္အတြင္းျဖစ္ရင္ ေနာက္က်ေၾကး (Late Fee) က်ပ္ တသိန္း ေပးသြင္းရမွာျဖစ္ၿပီး တင္ျပရမယ့္ရက္ထက္ ၂၈ ရက္ေက်ာ္လြန္သြားရင္ေတာ့ ဆိုင္းငံ့ (Suspended) ျဖစ္သြားတာေၾကာင့္ ဆိုင္းငံ့စာရင္းကေန ပယ္ဖ်က္ေပးဖို႔ ပုံစံ 1-9D နဲ႔ တင္ျပရတဲ့အတြက္ မွတ္ပုံတင္ေၾကး က်ပ္တသိန္း ထပ္မံ ေပးသြင္းရမွာ ျဖစ္တယ္လို႔ သိရပါတယ္။
Suspended ျဖစ္ၿပီး ေျခာက္လအထိ AR တင္ျပျခင္းမရွိရင္ ကုမၸဏီကို မွတ္ပုံတင္စာရင္းကေန ပယ္ဖ်က္သြားမွာျဖစ္ၿပီး ပယ္ဖ်က္ၿပီး ကုမၸဏီအမည္ကို ျပန္လည္အသက္သြင္းလိုရင္ေတာ့ ကုမၸဏီအေနနဲ႔ တရား႐ုံးကင္းလြတ္ခြင့္အမိန႔္နဲ႔ MyCO မွာ ပုံစံ 1-5 နဲ႔ ျပန္လည္ တင္ျပရမွာျဖစ္တယ္လို႔ သိရပါတယ္။
ကုမၸဏီမ်ားပယ္ဖ်က္စာရင္း (Struck-Off) မွာ ေဖာ္ျပျခင္းခံရတဲ့ ကုမၸဏီျဖစ္ပါက တရား႐ုံးကင္းလြတ္ခြင့္ရရွိဖို႔ ေလွ်ာက္ထားရတဲ့ ကုန္က်စရိတ္အျပင္ ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒပါ ျပဌာန္းခ်က္ လိုက္နာဖို႔ ပ်က္ကြက္ထားေၾကာင္း ကုမၸဏီရဲ႕ပုံရိပ္ က်န္ရွိေနမွာျဖစ္တဲ့အတြက္ ႏွစ္စဥ္အစီရင္ခံစာတင္ျပျခင္းကို အထူးဂ႐ုျပဳ ေဆာင္႐ြက္ၾကဖို႔ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနက အသိေပး ေၾကညာထားပါတယ္။
ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလကစလို႔ ျပည္တြင္းက ျမန္မာႏိုင္ငံသားပိုင္ လုပ္ငန္းေတြအျပင္ ႏိုင္ငံျခားသားရင္းႏွီးျမႇပ္ႏွံမႈနဲ႔ ေဆာင္႐ြက္တဲ့ လုပ္ငန္းေတြပါ စီးပြားေရးလုပ္ကိုင္ရခက္တဲ့ အေနအထားေၾကာင့္ လုပ္ငန္း ရပ္ဆိုင္းရတာေတြ ရွိေနပါတယ္။